Monday, December 14, 2009

လောကတွင်အကောင်းဆုံးသောအရာ


လောကတွင်အကောင်းဆုံးသောအရာ ..... ကိုယ်ကျင့်သီလ

အအေးမြဆုံးသောအရာ ..... မေတ္တာတရား

အပူလောင်ဆုံးသောအရာ ..... ဒေါသ

ကျေးဇူးအကြီးဆုံးပုဂ္ဂိုလ် ..... အနန္ဒငါးပါးမှဘုရား

အကောင်းဆုံးသောအရာ ..... သစ္စာတရား

အားအကိုးအရဆုံးပုဂ္ဂိုလ် ..... မိမိကိုယ်တိုင်


လူမှုရေးအမြင်

(၁) သဘောထား သေးသိမ်သော သူသည်
သူတစ်ပါး၏ အပြစ်ကိုသာ မြင်လေ့ရှိသည်။

(၂) သဘောထားပြည့်ဝသော သူကား
မိမိ ကိုယ်ကိုသာ အပြစ်မြင်တော့သည်။

(၃) သဘောထား အပြည့်ဝဆုံးသော သူသည်
မည်သူအပေါ်မှ အပြစ်မမြင်တော့ပေ။

တရုတ်ပညာရှိ ကွန်ဖြူးရှပ်


ကျွန်တော်တို့တွေဟာ သဘောထားအပြည့်ဝဆုံး မထားနိုင်သေးဘူးဆိုရင်တောင် သဘောထားပြည့်ဝတဲ့ ဖြစ်အောင်တော့ ကြိုးစားသင့်တယ်လေ။ လူတိုင်းကို လေးစားသင့်တယ်။ လူလူချင်း မလေးစား ရင် လောကကြီး ပျက်စီးသွားလိမ့်မယ်။ ဘ၀ဆိုတာ စိတ်နှင့်တန်သလိုဖြစ်တာပါ။ ဒါကြောင့် စိတ်ဓာတ်အဆင့်အတန်းမြင့်လာရင် ဘ၀ အဆင့်အတန်းမြင့်လာလိမ်မယ်။
ကြားဖူးတဲ့ ပုံပြင်လေး တစ်ခုရှိတယ်။
မြွေနှင့်ပျား

အင်မတန် အဆိပ်ပြင်းတဲ့ မြွေရဲ့ခေါင်းကို ပျားကောင်ဟာ မလွှတ်တန်းကိုက်ထားတယ်။အဲဒီအချိန်မှာ လှည်းတစ်စီးကလည်းရောက်လာတယ်လေ။ဒါနဲ့ မြွေက စဉ်းစားတယ် ပျားကိုသေစေချင်တဲ့ စိတ်နဲ့ လှည်းဘီးအောက်ကို မြွေက ခေါင်းထိုးလိုက်တယ်။ပျားဟာ စိစိညက်ကြေ သွားတာပါဘဲ။မြွေကော ဘာဖြစ်သွားမလဲ။
တစ်ချို့လူတွေရဲ့ စိတ်ဟာလည်း အဲဒီ မြွေလိုဘဲ။


ပေါင်းသင်းဆက်ဆံရေး

(၁) သူတစ်ပါးရဲ့ မကောင်းကွက်ကိုတာ ကြည့်မည်ဆိုရင်
ပေါင်းနိုင်စရာ တစ်ယောက်မှ မရှိ

(၂) သူတစ်ပါးရဲ့ ကောင်းကွက်ကိုတာ ကြည့်မည် ဆိုရင်
မပေါင်းနိုင်စရာ တစ်ယောက်မှ မရှိ

လူမှုပေါင်းသင်းဆက်ဆံရေးမှာ သဘောထားလေးတွေ သိပ် အရေးကြီးတယ်။ သဘောထား မမှန်လို့ တစ်ယောက်နှင့်တစ်ယောက်စကားများကြတာတွေ ကြုံဖူးပါလိမ့်မယ်။ လူတွေတော်တော်များများ သေမလောက်အောင် စိတ်ဆင်းရဲရတာဟာ
စာဝတ်နေရေးကြောင့် မဟုတ်ဘူး။လူမှုဆက်ဆံရေးမှာ အဆင်မပြေ ကြလို့ပါနော်။
အကောင်းမြင် ၀ါဒလေး တစ်ခု ကိုကြိုက်လို့ မူရင်းအတိုင်းရေးပေးလိုက်မယ်။

"တ၀က်ပြည့်နေသလား တ၀က်လျော့နေသလား"

ရေခွက်ထဲမှာ ရေ တ၀က်ထည့်ထားတာမြင်တဲ့အခါ၊
တစ်ယောက်က " ရေခွက်ထဲမှာ ရေတ၀က်ပြည့်နေတယ်" လို့မြင်တယ်။
နောက်တစ်ယောက်က" ရေခွက်ထဲမှာ ရေတ၀က် လျော့နေတယ်လို့ မြင်တယ်"
ဘယ်သူ့ အမြင်မှန်သလဲ ၊ နှစ်ယောက်စလုံး မှန်ပါတယ်။ဒါပေမယ့် "ရေခွက်ထဲမှာ ရေတ၀က် ပြည့်နေတယ်" လို့ မြင်တဲ့သူက အကောင်းမြင်တတ်လို့ စိတ်ချမ်းတာတယ်။ "ရေခွက်ထဲမှာ ရေတ
ဝက်လျော့နေတယ်" လို့မြင်တဲ့သူက အဆိုးကိုမြင်လို့ စိတ်မချမ်းသာဘူး။

( ဒီလိုဆိုရင်- စိတ်ချမ်းသာဖို့ ဦးစားပေးပြီး၊ တ၀က်ပြည့်နေတယ်ဆိုပြီး ကျေနပ်ရမှာလား?)

ရသလောက်ကို လက်ခံပြီး နောက်ထပ်ရဖို့ ဆက်ကြိုးစားသင့်တယ်။အခု ရသလောက်ကိုစိတ်မချမ်းသာတဲ့သူဟာ နောက်ထပ်ရလာလဲ တကယ်စိတ်ချမ်းသာနိုင်မှာ မဟုတ်ဘူး။လောဘရဲ့ သဘာဝဟာ ဘယ်လောက်ရရ နည်းသေးတယ်ထင်တာဘဲ။ ခွက်အပြည့်ရလာရင်လဲခွက်ကြီးကြီးထဲပြောင်းပြီး လောင်းထည့်လိုက်ရင် တ၀က်ပဲ ရှိမှာပဲ။ထည့်တဲ့ခွက်က ပိုကြီးလာလေ ပြည့်ဖို့ မလွယ်လေပဲ။မဆုံးနိုင်တော့ဘူသးလေ။

စိတ်ထား(၃)မျိုး

(၁) တချို့လူတွေရဲ့ စိတ်တွေဟာ ကျောက်သားပေါ်မှာ အထပ်ထပ် ရေးထားတဲ့ စာသားနဲ့ တူ
တယ်တဲ့။

(၂) တချိုလူတွေရဲ့ စိတ်တွေဟာ သဲပြင်ပေါ်မှာ ရေးထားတဲ့ စာသားနဲ့ တူတယ်တဲ့။

(၃) တချို့တွေ စိတ်ဓာတ်ကြတော့ ရေပေါ်မှာ ရေး သလိုပဲတဲ့နော်။

ပထမ လူရဲ့ စိတ်ထားဟာ ကြောက်စရာ အကောင်းဆုံးဘဲနော်။ သူတစ်ပါးအမှတ် အငြိုးကြီးတယ်လေ။ကျောက်သားပေါ်မှာ ရေးထားတဲ့ စာသားကို တော်တော်နဲ့ ဖျက်ဖို့ မလွယ်ဘူးနော်။ခိုင်မြဲတယ်လေ။
ဒုတိယ လူရဲ့ စိတ်ကတော့ ခဏတော့ အဆင်မပြေရင် စိတ်ဆိုးမယ်။ ဒါပေမယ့် သူက အချိန်အတိုင်းအတာ တစ်ခုမှာ ပြေသွားတယ်နော်။ သဲပြင်ပေါ်မှာ ရေးတဲ့ စားသားဟာ ဘယ်လောက် ခိုင်မလဲ လေတိုက်လိုက်ရင် ပျက်သွားမယ်နော်။
တတိယ လူရဲ့ စိတ်ဓာတ်ကတော့ အကောင်းဆုံးပဲ နော်။ သူက ရေ ပေါ်မှာ စာရေးသလိုတဲ့ ။ရေးလို့ ကို အရာမထင်တော့ဘူးနော်။ အဲဒီလောက်ထိတော့ မရနိုင်ပါဘူး။ ဒါပေမယ့် သဲပေါ်မှာရေးသလောက်တော့ ကြိုးစားသင့်တယ်နော်။အလေ့အကျင့်ရလာရင် ဖြစ်နိုင်ပါတယ်။အစတော့ နည်းနည်း ခက်နေလိမ့်မယ်။

ပညာရေး အမြင်

" ကိုယ်စိတ်ကိုမှ ချမ်းသာအောင်မထားတတ်သေးဘူးဆိုရင်
မိမိ မှာ ဘာပညာမှ မရှိသေးဘူးလို့မှတ်ပါတဲ့"


" လူကို စိတ်အုပ်ချုပ်တယ်၊ စိတ်ကို ပညာက အုပ်ချုပ်တယ်၊
ပညာကို ဗဟုသုတ အုပ်ချုပ်တယ်"


" ဦးနှောက်နှင့် နှလုံးသား လက်တွဲမိတဲ့ အခါ
အသိဥာဏ် ပညာမွေးဖွားလာတယ်"

" Knowledge ဆိုတဲ့ သုတ အသိများလာတဲ့ အခါ wisdom
ဆိုတဲံ့ ပညာဥာဏ် အမြော်အမြင် ဖြစ်လာတယ်။ စာသမားအတွက်
အဓိက ဆုလာလ်ဟာ အဲဒီ wisdom ပဲ"

" Try not to become a man of success ,
but rather try to become a man of value."
သင်ဟာ အောင်မြင်ကျော်ကြားပြီး နာမည်ကြီးအောင်
မကြိုးစားပါနဲ့၊ ဒါပေမယ့် အရည်အချင်းရှိပြီး တန်
ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်အောင်တော့ ကြီးစား
ရလိမ့်မယ်။

ဘာသာရေး အမြင်

" ပထမ တော့ တရားကို လူကဦးဆောင်ရတယ်။
နောက်တော့ တရားက လူကို ဦးဆောင်တယ်။
အဲဒီ အချိန်ကျရင် လူက တရားနောက်လိုက်ဖို့လိုတယ်။"


" တရားသိမှ အသိ တရားရှိတယ်။ အသိတရားရှိမှ တရားနှင့်လျော်အောင်
နေတတ်မယ်။ တရားနှင့်လျော်အောင်နေတတ်မှ အပြစ်ကင်းတယ်။
အပြစ်ကင်းမှ ချမ်းသာတယ်"

" စိတ်ရှင်းရင် ဘ၀ဘည်းရှင်းပါတယ်။ အသိဥာဏ်လည်း ရှင်းပါတယ်။
စိတ်မရှင်းရင် ဘ၀လည်းမရှင်းဘူး။ အသိဥာဏ်လည်း မရှင်းဘူး"


ကျွန်တော် သိသလောက် ကြိုးစားပြီးတော့ ရေးထားပေးပါတယ်။သိသလောက် ကျင့်ရင် ကျင့်သလောက်သိလာပါလိမ့်မယ်။ ကျွန်တော် ရဲ့ အားနည်းချက်ကိုလည်း ဝေဖန်ပေးကြပါလို့ မြစ်တာ ရပ်ခံပါတယ်။အသိဥာဏ် ပညာကြီးမားပြီး အေးချမ်းတည်ငြိမ်တဲ့ သူများဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

" ဓမ္မစကားနေတိုင်း ကြားက စိတ်ထား
ဖွေးလျက် သိဥာဏ်ထက်၏ "

No comments:

Post a Comment